ဘက်ထရီ 18000 mAh ၊ Dual Pop-Up Selfie Camera ပါ Energizer Power Max P18K Pop ကို ကြေညာလာ....................ဘကျထရီ 18000 mAh ၊ Dual Pop-Up Selfie Camera ပါ Energizer Power Max P18K Pop ကို ကွညောလာ
Zawgyi
ဘက်ထရီ 18000 mAh ၊ Dual Pop-Up Selfie Camera ပါ Energizer Power Max P18K Pop ကို ကြေညာလာ
NetGuide
Uni
ဘကျထရီ 18000 mAh ၊ Dual Pop-Up Selfie Camera ပါ Energizer Power Max P18K Pop ကို ကွညောလာ
Avenir Telecom ဟာ Energizer အမှတ်တံဆိပ်ဖုန်းများကို အမည်နှင့်လိုက်ဖက်စွာ ဘက်ထရီများစွာထည့်သွင်းပြီး ဈေးကွက်များမှာ ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဘက်ထရီများစွာပါ၀င်တဲ့ စမတ်ဖုန်းများထုတ်လုပ်ပြီး သမိုင်းမှတ်တမ်းများရေးထိုးထားတဲ့ Energizer ဟာ ဘက်ထရီ 18000 mAh အထိပါ၀င်တဲ့ စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာပြန်ပါတယ်။ Energizer Power Max P18K Pop ဖြစ်ပါတယ်။
Energizer Power Max P18K Pop မှာ ဘက်ထရီ 18000 mAh ပါ၀င်တာကြောင့် ခရီးရှည်ထွက်ချိန်မှာတောင် Power Bank မပါ၀င်ဘဲ ခရီးထွက်နိုင်ပါမယ်။ ဒီဖုန်းမှာ သီချင်းဆက်တိုက်နားထောင်မှုကို 4 ရက်၊ ဗီဒီယိုဆက်တိုက်ကြည့်မှုကို 2 ရက်နှင့် Standby ထားမှုကို ရက် 50 အထိ ပြုလုပ်နိုင်ပါမယ်။
ဒီဖုန်းမှာ ဘက်ထရီ 18000 mAh ပါ၀င်တဲ့အပြင် USB Power Delivery 2.0 (18W Fast Charging) ထောက်ပံ့ထားပါသေးတယ်။ ဒါကြောင့် ဒီဖုန်းကို Power Bank အဖြစ် အသုံးပြုကာ အခြားဖုန်းများသို့လည်း အားသွင်းနိုင်ပါတယ်။ ဘက်ထရီများစွာပါ၀င်တာနဲ့အညီ ဒီဖုန်းက 18 မီလီမီတာအထိ ထူပါတယ်။ သာမန်ဖုန်းတစ်လုံးရဲ့ နှစ်ဆနီးပါး ထူပါတယ်။
Pop ဆိုတဲ့အမည်ကို သုံးထားတာနဲ့အညီ Pop-Up Selfie Camera စနစ် ပါ၀င်ပါတယ်။ Pop-Up မှာ ရှေ့ကင်မရာနှစ်လုံး 16MP + 2MP ထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာသုံးလုံးပါ၀င်ပြီး 12MP + 5MP + 2MP ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 1080p ဖြင့် ထောက်ပံ့ထားပါတယ်။
ဒီဖုန်းမှာ မျက်နှာပြင် 6.2 လက်မ 1080p+ ရုပ်ထွက်သုံးထားပြီး Android Pie ပါ၀င်ပါတယ်။ MediaTek Helio P70 ၊ RAM 6GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 128GB ပါ၀င်ပါတယ်။ USB C ပေါက် သုံးထားပါတယ်။
လက်ရှိအချိန်မှာ ဒီဖုန်းရဲ့ဈေးနှုန်းကို မသိရသေးပါဘူး။
NetGuide
Zawgyi
ဝတ္ထု ပုံပြင် ရုပ်ပြ နည်းပညာ သတင်းအချက် သာမက လူကြီးစာအုပ်ပါမကျန် သုတရသ မျိုးစုံ ပါဝင်တဲ့ application လေးပါ size ကလည်း 2.8MB ဘဲ ရှိတယ်..
Uni
ဝတၳု ပုံပြင် ရုပ်ပြ နည်းပညာ သတင်းအချက် သာမက လူကြီးစာအုပ်ပါမကျန် သုတရသ မျိုးစုံ ပါဝင်တဲ့ application လေးပါ size ကလည်း 2.8MB ဘဲ ရှိတယ်..
အရမ်းကောင်းတဲ့ app မို့ ဘော်ဒါတွေ ဆီ share ပေးတာ သုံးရတာလည်း လွယ်တယ် site ကလည်း အမြဲ update ဖြစ်နေတယ် တော်တော် ကောင်းတယ် ပြောနေကြာတယ် ကိုယ်တိုင်သုံးကြည့် ပါ 
အောက်မှာ ဒေါင်းဖို့ direct link ပေးထားတယ်
အဆင်ပြေရင် အခြားသူဆီ sharing လုပ်လိုက်ကြအုန်း 
Comments
Popular posts from this blog
Cracker လမ်းညွှန် သို့ Hacking Cracker လမ်းညွှန် Hacking