Zawgyi
~ MZM
Crd - JPL, NASA
Uni
မြန်မာ အမျိုးသမီးတစ်ယောက် ဦးစီး လုပ်ဆောင်နေတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းမယ့် ရဟတ်ယာဉ်
အမေရိကန် အာကာသအေဂျင်စီ NASA ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ရဟတ်ယာဉ် တစ်စီး စေလွှတ်ဖို့ စီစဉ်နေပါတယ်။ အဆိုပါ ရဟတ်ယာဉ်ကိုတော့ ၂၀၂၀ ခုနှစ်မှာ အင်္ဂါဂြိုဟ်ပေါ်ကို စေလွှတ်မယ့် ဂြိုဟ်ဆင်းယာဉ် နဲ့ အတူတူ စေလွှတ်မှာဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်မှာ ယာဉ်တွေ ပျံသန်းနိုင်ဖို့အတွက် လိုအပ်ချက်တွေ ပိုမိုသိရှိနိုင်ဖို့ အတွက်ရည်ရွယ် တာဖြစ်ပါတယ်။ NASA ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Jim Bridenstine က NASA ဟာ ပထမဆုံး အနေနဲ့ လုပ်ဆောင်နိုင်ခဲ့တာတွေ များစွာရှိပြီး ဒီ ရဟတ်ယာဉ် စီမံကိန်းဟာ လဲ နောင် အနာဂတ်မှာ အင်္ဂါဂြိုဟ် လေ့လာရေး စီမံကိန်းတွေ အတွက် များစွာအထောက် အကူပြုမယ် လို့ဆိုပါတယ်။
NASA ရဲ့ Jet Propulsion Laboratory မှာ ၂၀၁၃ ခုနှစ် က စတင်လုပ်ဆောင်ခဲ့တဲ့ အဆိုပါ ရဟတ်ယာဉ် စီမံကိန်း ဟာ ကိစ္စကြီးကြီးမားမားတွေ လုပ်ဆောင်ဖို့အတွက် အရာ၀တၳုသေးသေး လေးတွေ က လဲ တတ်နိုင်တယ်ဆိုတာ ကို သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ရဟတ်ယာဉ် ရဲ့ အရွယ်အစား ဟာ ၁ ပေ ခန့်သာ ရှိပြီး အလေးချိန် အနေနဲ့ ၄ ပေါင်ခန့်သာ ရှိပါတယ်။ သူ့ရဲ့ ရဟတ် ၂ ခု ဟာ ပါးလွှာတဲ့ အင်္ဂါဂြိုဟ်လေထု ထဲမှာ 3,000 RPM လည်ပတ်မှာ ဖြစ်ပြီး အဆိုပါ နှုန်းဟာ ကမ္ဘာပေါ်ရှိ ရဟတ်ယာဉ်တွေ ရဲ့ ၁၀ ဆ ခန့်ရှိပါတယ်။
အဆိုပါ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အလုပ်လုပ်နိုင်ဖို့အတွက် နေရောင်ခြည်သုံး ဆိုလာဆဲလ်တွေ၊ ညဖက် အလွန်အေးတဲ့ အင်္ဂါဂြိုဟ် အတွက်အထူးပြုလုပ်ထားတဲ့ အပူပေးစနစ်တွေ ပါ၀င်ပါတယ်။
ကမ္ဘာပေါ်မှာ ရဟတ်ယာဉ် ပျံသန်းနိုင်တဲ့ အမြင့်ဆုံး စံချိန် က ပေ ၄၀၀၀၀ ခန့်ရှိပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ လေထု ရဲ့ ကမ္ဘာ့လေထု ရဲ့ ၁ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် အင်္ဂါဂြိုဟ်ပေါ်မှာ မြေပြင်မှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ် ဟာ ကမ္ဘာ့ အမြင့်ပေ ၁၀၀,၀၀၀ ခန့်မှာ မှာ ပျံသန်းနေရတာ နဲ့ အတူတူဖြစ်နေမှာပါလို့ ဒီ အင်္ဂဂြိုဟ် ရဟတ်ယာဉ် စီမံကိန်း မန်နေဂျာ ဖြစ်တဲ့ ဒေါ်မီမီအောင် က ဆိုပါတယ်။ ဒီလို လေထုပါးလွှာတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းနိုင်ဖို့အတွက် ရဟတ်ယာဉ်ဟာ ပေါ့ပါး ရမှာဖြစ်ပြီး စွမ်းအင် မြင့်မြင့်နဲ့ ခိုင်ခိုင်မာမာ ပျံသန်းနိုင်ဖို့အတွက် လည်း အထူးဂရုပြုရတယ်လို့ဆိုပါတယ်။
အင်္ဂါဂြိုဟ် ဟာ ကမ္ဘာနဲ့ အလွန်ေ၀းကွာတာကြောင့် အင်္ဂါဂြိုဟ်ပေါ် က နေ ပို့တဲ့ ရေဒီယိုဆစ်ဂ်နယ် ဟာ ကမ္ဘာပေါ်ကို ရောက်ရှိဖို့ အတွက် ၄ မိနစ် ကနေ ၂၄ မိနစ် ခန့် ကြာမြင့်ပါတယ်။ ဒီအတွက်ကြောင့် ကမ္ဘာပေါ် က မောင်းသူမဲ့ လေယာဉ်တွေ အလုပ်လုပ်သလို စခန်းကနေ လေယာဉ်မှူးတစ်ယောက် က အဆိုပါ ရဟတ်ယာဉ်ကို မောင်းနှင်လို့ရမှာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်ကနေ သတင်းအချက်အလက်ပို့ဆောင် လိုက်တာနဲ့ အဆိုပါ ရဟတ်ယာဉ် ဟာ အလိုလို အလုပ်လုပ်ဆောင်ကာ မောင်းနှင်မှု ပြုလုပ်မှာပါ လို့ ဒေါ်မီမီအောင် က ရှင်းပြပါတယ်။ 
ဒီ အင်္ဂါဂြိုဟ်ဆင်း ယာဉ်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ Cape Canaveral စခန်းကနေ ၂၀၂၀ မှာ လွှတ်တင်မှာဖြစ်ပြီး အင်္ဂါဂြိုဟ်ကိုတော့ ၂၀၂၁ ဖေဖော်ဝါရီ လ မှာ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ယခု ရဟတ်ယာဉ် စီမံကိန်း မန်နေဂျာအဖြစ် တာ၀န်ထမ်းဆောင်နေတဲ့ ဒေါ်မီမီအောင် ဟာ ၂၀၁၅ ခုနှစ်ထဲ က ယခု စီမံကိန်းမှာ တာ၀န်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ၁၉၉၀ မှာ အီလီနွိုက် တက္ကသိုလ် က နေ Electrical Engineering ဘာသာရပ်နဲ့ မာစတာဘွဲ့ရရှိခဲ့ပြီး ဘွဲ့ရပြီးပြီးချင်းပဲ Jet Propulsion Laboratory မှာ အလုပ်စတင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 
~ MZM
Crd - JPL, NAS
Zawgyi
ဝတ္ထု ပုံပြင် ရုပ်ပြ နည်းပညာ သတင်းအချက် သာမက လူကြီးစာအုပ်ပါမကျန် သုတရသ မျိုးစုံ ပါဝင်တဲ့ application လေးပါ size ကလည်း 2.8MB ဘဲ ရှိတယ်..
Uni
ဝတၳု ပုံပြင် ရုပ်ပြ နည်းပညာ သတင်းအချက် သာမက လူကြီးစာအုပ်ပါမကျန် သုတရသ မျိုးစုံ ပါဝင်တဲ့ application လေးပါ size ကလည်း 2.8MB ဘဲ ရှိတယ်..
အရမ်းကောင်းတဲ့ app မို့ ဘော်ဒါတွေ ဆီ share ပေးတာ သုံးရတာလည်း လွယ်တယ် site ကလည်း အမြဲ update ဖြစ်နေတယ် တော်တော် ကောင်းတယ် ပြောနေကြာတယ် ကိုယ်တိုင်သုံးကြည့် ပါ 
အောက်မှာ ဒေါင်းဖို့ direct link ပေးထားတယ်
အဆင်ပြေရင် အခြားသူဆီ sharing လုပ်လိုက်ကြအုန်း 
Comments
Popular posts from this blog
Cracker လမ်းညွှန် သို့ Hacking Cracker လမ်းညွှန် Hacking