မိုဘိုင္း Network ေတြရဲ႕အေၾကာင္း...........,,_________________မိုဘိုင်း Network တွေရဲ့အကြောင်း

Zawgyi
မိုဘိုင္း Networkေတြရဲ႕အေၾကာင္း
======================
ယေန႔ေခတ္မွာ မိုဘိုင္းဖုန္းအသံုးျပဳမွဳဟာ တစ္စထက္တစ္စမ်ားျပားလာသလို အင္တာနက္အသံုးျပဳမွဳဟာလည္း တစ္ေန႔ထက္တစ္ေန႔ ပိုမိုမ်ားျပားလာပါတယ္။ ဒီေန႔မွာေတာ့ မိုဘိုင္းကြန္ယက္ေတြရဲ႕ အေျခခံနည္းပညာ အေၾကာင္းေလးေတြကို တင္ဆက္ေပးခ်င္ပါတယ္။ 1G, 2G, 3G, 4G, 5G စသျဖင့္ၾကားဖူးၾကမွာပါ။ 1G ဆိုတာကေတာ့ First Generation of wireless cellular technology (ပထမမ်ိဳးဆက္ ႀကိဳးမဲ့ဆက္သြယ္ေရး စနစ္) ျဖစ္ၿပီး 2G ကေတာ့ Second Generation of Technology, 3G – 3rd Generation, 4G- 4th Generation လို႔ဆိုလိုတာျဖစ္ပါတယ္။

1G ကို ၁၉၈၀ ခုႏွစ္ အေစာပိုင္းမွာ စတင္မိတ္ဆက္ခဲ့တာျဖစ္ၿပီး Generation အသစ္ျဖစ္တဲ့ ႀကိဳးမဲ့ဆက္သြယ္ေရးစနစ္ေတြကို အၾကမ္းဖ်င္းအားျဖင့္ ၁၀ ႏွစ္တစ္ခါ မိတ္ဆက္သြားမယ္လို႔ မွတ္သားထားပါတယ္။ ႀကိဳးမဲ့ဆက္သြယ္ေရးစနစ္ေတြ 1G,2G, 3G, 4G ေတြဟာ တစ္ခုထက္တစ္ခု ဆက္သြယ္ရာမွာပိုမိုျမန္ဆန္တဲ့ အျမန္ႏွုန္း (Speed), လုပ္ေဆာင္ခ်က္ (Features) ေတြကြာၿပီး Generation အသစ္ေတြမွာ ပိုမိုတိုးတက္မွုေတြရွိလာတာျဖစ္ပါတယ္။ ေနာက္ထပ္ မ်ိဳးဆက္အသစ္ျဖစ္တဲ့ 5G ကုိေတာ့ ၂၀၂၀ မွာ စတင္အသံုးျပဳႏိုင္ဖို႔ လ်ာထားတယ္လို႔ဆိုပါတယ္။

1G : Voice Only
----------------
ဆဲလ္ဖုန္းေတြဟာ 1G နည္းပညာနဲ႔အတူ ၁၉၈၀ ခုႏွစ္ေလာက္မွာ စတင္ခဲ့ပါတယ္။ 1G ဟာ Voice Only Calls ေတြကိုသာ အေထာက္အပံ့ေပးႏိုင္ပါတယ္။ 1G ဟာ Analog နည္းပညာကိုသာအသံုးျပဳထားၿပီး မိုဘိုင္းဖုန္းေတြဟာ တစ္ခဏသာ အသံုးခံတဲ့ ဘက္ထရီ၊ အရည္အေသြးမေကာင္းမြန္တဲ့ အသံေခၚဆုိမွဳေတြသာရရွိႏိုင္ၿပီး ဖုန္းလည္းမၾကာခဏ လိုင္းက်တတ္ပါတယ္။

1G နည္းပညာရဲ႕ အျမန္ဆံုး Speed က 2.4 Kbps ျဖစ္ပါတယ္။

2G: SMS and MMS (Short Message System & Multimedia Message System)
-----------------------------------------------
ဆဲလ္ဖုန္းေတြဟာ 1G ကေန 2G ကိုေျပာင္းလဲတဲ့အခ်ိန္မွာ ႀကီးမားတဲ့ ေျပာင္းလဲမွုမ်ိဳးျဖစ္ခဲ့ပါတယ္။ ဒီေျပာင္းလဲမွုကို ဖင္လန္ႏိုင္ငံမွာ GSM Network နဲ႔ ၁၉၉၁ ခုႏွစ္မွာ စတင္ခဲ့ၿပီး ဆဲလ္ဖုန္းေတြကို Analog မွ Digital စနစ္သို႔ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။ 

2G နည္းပညာဖုန္းေတြမွာဆိုရင္ ဖုန္းေခၚတာတင္မကဘဲ စာပို႔စနစ္ပါရရွိလာၿပီး SMS, Picture messages, MMS ေတြပါ အသံုးျပဳလာႏိုင္တာျဖစ္ပါတယ္။

2G နည္းပညာဟာ ထြက္ေပၚတာဟာ ႏွစ္ၾကာခဲ့ၿပီျဖစ္ေသာ္လည္း ကမာၻအ၀န္းမွာ အခုလက္ရွိအခ်ိန္အထိအသံုးျပဳေနဆဲျဖစ္ပါတယ္။
2G ရဲ႕ အျမင့္ဆံုး Speed ဟာ GPRS (General Packet Radio Service) နဲ႔ဆိုရင္ 50 Kbps ျဖစ္ၿပီး EDGE (Enhanced Data Rates for GSM Evolution) နဲ႔ဆိုရင္ 1 Mbps ျဖစ္ပါတယ္။

2.5G and 2.75G : Data
-----------------------
ႀကိဳးမဲ့ဆက္သြယ္ေရးစနစ္ေတြရဲ႕ 2G ကေန 3G မေျပာင္းခင္အခ်ိန္မွာ 2.5G နဲ႔ 2.75G ဆိုၿပီး Data အသံုးျပဳရန္အတြက္ စနစ္တစ္ခုအရင္ေျပာင္းလဲခဲ့ပါတယ္။ 2G စနစ္ထက္ ပိုမိုထိေရာက္ေကာင္းမြန္ၿပီး Data စနစ္ကိုအသံုးျပဳႏိုင္ေပမယ့္ ေႏွးေကြးစြာပဲ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ 2.5G နဲ႔ 2.75G ကို Wireless Standards တစ္ခုအေနနဲ႔ မသတ္မွတ္ခဲ့ၾကပဲ မိုဘိုင္းေတြရဲ႕ ေစ်းကြက္ျမွင့္တင္ေရးတစ္ခုအေနနဲ႔ အသံုးေတာ္ခံခဲ့တာ ျဖစ္ပါတယ္။

3G: More Data, Video Calling and Mobile Internet
-------------------------------------------
3G ကြန္ယက္စနစ္ကို ၁၉၉၈ ခုႏွစ္မွာ ပိုမိုျမန္ဆန္တဲ့ Data စနစ္နဲ႔ စတင္ခဲ့တာျဖစ္ၿပီး၊ 3G နဲ႔အတူ Video Call ေတြ မိုဘိုင္းအင္တာနက္ေတြ စတင္အသံုးျပဳလာႏိုင္ခဲ့ပါတယ္။ Mobile Broadband လို႔လည္း 3G နည္းပညာကို ပထမဆံုးနာမည္တပ္ခဲ့ပါတယ္။

2G မွာ လိုပဲ 3G ထြက္ေပၚၿပီးေနာက္ ပိုမိုျမန္ဆန္တဲ့ 3.5G and 3.75G ဆိုၿပီး 4G ကို မိတ္မဆက္ခင္ ထြက္ေပၚခဲ့ပါေသးတယ္။
3G ရဲ႕ အျမင့္ဆံုး Speed က Non-moving devices မွာဆိုရင္ 2Mbps ရွိၿပီး Moving Devices မွာဆိုရင္ 384 Kbps ရွိပါတယ္။

4G: The Current Standard
---------------------------
စတုတၳေျမာက္ ႀကိဳးမဲ့ဆက္သြယ္ေရး မ်ိဳးဆက္ကို ၂၀၀၈ ခုႏွစ္မွာ စတင္မိတ္ဆက္ခဲ့ပါတယ္။ 4G ဟာ ပိုမိုျမန္ဆန္တဲ့ Data စနစ္ကို သယ္ေဆာင္လာခဲ့ၿပီး မိုဘိုင္းအင္တာနက္၊ Gaming Services, HD mobile TV, Video Conferencing, 3D TV စတာေတြကို လ်င္ျမန္စြာ အသံုးျပဳႏုိင္လာပါတယ္။

4G ရဲ႕ အျမင့္ဆံုး Speed က Moving Devices မွာဆိုရင္ 100 Mbps ရွိၿပီး Non Moving Devices မွာဆို 1 Gbps ရွိပါတယ္။
လက္ရွိမွာေတာ့ Mobile Phone Model အမ်ားစုဟာ 3G နဲ႔ 4G ကို အေထာက္အပံ့ေပးေနပါတယ္။

5G: Coming Soon
------------------
5G ဟာ လက္ရွိမွာ မထြက္ေပၚေသးေပမယ့္ သိပ္မၾကာခင္မွာ 4G ကို အဆင့္ျမင့္တင္ေပးမယ့္ Mobile Network တစ္ခုျဖစ္လာမွာ ျဖစ္ပါတယ္။ 5G မွာဆိုရင္ ပိုမိုျမန္ဆန္တဲ့ Data, ပိုမိုေကာင္းမြန္တဲ့ ဆက္သြယ္မွဳေတြနဲ႔ အတူအျခားတိုးတက္မွဳမ်ားစြာ ပါ၀င္လာမွာျဖစ္ပါတယ္။

5G ရဲ႕ ဆက္သြယ္မွဳ အျမန္ႏွဳန္းကေတာ့ 20 Gbps ရွိမယ့္လို႔ ခန္႔မွန္းရပါတယ္။

သူငယ္ခ်င္းတို႔ အျခားေ၀မွ်ေစခ်င္တဲ့ အေၾကာင္းအရာေလးေတြရွိရင္လည္း ေျပာျပေပးခဲ့ဖို႔ ဖိတ္ေခၚပါတယ္ေနာ္။ ✌🏻✌🏻✌🏻

အားလံုးပဲ သာယာခ်မ္းေျမ႕တဲ့ေန႔ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစ။

#mobilenetwork #sharing #knowledge

Electronic City
(One Stop IT, Mobile & Electronic Shopping Mall)
No.60, Waizayandar Road, South Okkalapa Township, Yangon.
Phone – 09 788 766 799
Credit ကူးယူေဖာ္ျပသည္

UNI
မိုဘိုင်း Network တွေရဲ့အကြောင်း
======================
ယနေ့ခေတ်မှာ မိုဘိုင်းဖုန်းအသုံးပြုမှုဟာ တစ်စထက်တစ်စများပြားလာသလို အင်တာနက်အသုံးပြုမှုဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါတယ်။ ဒီနေ့မှာတော့ မိုဘိုင်းကွန်ယက်တွေရဲ့ အခြေခံနည်းပညာ အကြောင်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။ 1G, 2G, 3G, 4G, 5G စသဖြင့်ကြားဖူးကြမှာပါ။ 1G ဆိုတာကတော့ First Generation of wireless cellular technology (ပထမမျိုးဆက် ကြိုးမဲ့ဆက်သွယ်ရေး စနစ်) ဖြစ်ပြီး 2G ကတော့ Second Generation of Technology, 3G – 3rd Generation, 4G- 4th Generation လို့ဆိုလိုတာဖြစ်ပါတယ်။

1G ကို ၁၉၈၀ ခုနှစ် အစောပိုင်းမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Generation အသစ်ဖြစ်တဲ့ ကြိုးမဲ့ဆက်သွယ်ရေးစနစ်တွေကို အကြမ်းဖျင်းအားဖြင့် ၁၀ နှစ်တစ်ခါ မိတ်ဆက်သွားမယ်လို့ မှတ်သားထားပါတယ်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်တွေ 1G,2G, 3G, 4G တွေဟာ တစ်ခုထက်တစ်ခု ဆက်သွယ်ရာမှာပိုမိုမြန်ဆန်တဲ့ အမြန်နှုန်း (Speed), လုပ်ဆောင်ချက် (Features) တွေကွာပြီး Generation အသစ်တွေမှာ ပိုမိုတိုးတက်မှုတွေရှိလာတာဖြစ်ပါတယ်။ နောက်ထပ် မျိုးဆက်အသစ်ဖြစ်တဲ့ 5G ကိုတော့ ၂၀၂၀ မှာ စတင်အသုံးပြုနိုင်ဖို့ လျာထားတယ်လို့ဆိုပါတယ်။

1G : Voice Only
----------------
ဆဲလ်ဖုန်းတွေဟာ 1G နည်းပညာနဲ့အတူ ၁၉၈၀ ခုနှစ်လောက်မှာ စတင်ခဲ့ပါတယ်။ 1G ဟာ Voice Only Calls တွေကိုသာ အထောက်အပံ့ပေးနိုင်ပါတယ်။ 1G ဟာ Analog နည်းပညာကိုသာအသုံးပြုထားပြီး မိုဘိုင်းဖုန်းတွေဟာ တစ်ခဏသာ အသုံးခံတဲ့ ဘက်ထရီ၊ အရည်အသွေးမကောင်းမွန်တဲ့ အသံခေါ်ဆိုမှုတွေသာရရှိနိုင်ပြီး ဖုန်းလည်းမကြာခဏ လိုင်းကျတတ်ပါတယ်။

1G နည်းပညာရဲ့ အမြန်ဆုံး Speed က 2.4 Kbps ဖြစ်ပါတယ်။

2G: SMS and MMS (Short Message System & Multimedia Message System)
-----------------------------------------------
ဆဲလ်ဖုန်းတွေဟာ 1G ကနေ 2G ကိုပြောင်းလဲတဲ့အချိန်မှာ ကြီးမားတဲ့ ပြောင်းလဲမှုမျိုးဖြစ်ခဲ့ပါတယ်။ ဒီပြောင်းလဲမှုကို ဖင်လန်နိုင်ငံမှာ GSM Network နဲ့ ၁၉၉၁ ခုနှစ်မှာ စတင်ခဲ့ပြီး ဆဲလ်ဖုန်းတွေကို Analog မှ Digital စနစ်သို့ ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ 

2G နည်းပညာဖုန်းတွေမှာဆိုရင် ဖုန်းခေါ်တာတင်မကဘဲ စာပို့စနစ်ပါရရှိလာပြီး SMS, Picture messages, MMS တွေပါ အသုံးပြုလာနိုင်တာဖြစ်ပါတယ်။

2G နည်းပညာဟာ ထွက်ပေါ်တာဟာ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ကမ္ဘာအ၀န်းမှာ အခုလက်ရှိအချိန်အထိအသုံးပြုနေဆဲဖြစ်ပါတယ်။
2G ရဲ့ အမြင့်ဆုံး Speed ဟာ GPRS (General Packet Radio Service) နဲ့ဆိုရင် 50 Kbps ဖြစ်ပြီး EDGE (Enhanced Data Rates for GSM Evolution) နဲ့ဆိုရင် 1 Mbps ဖြစ်ပါတယ်။

2.5G and 2.75G : Data
-----------------------
ကြိုးမဲ့ဆက်သွယ်ရေးစနစ်တွေရဲ့ 2G ကနေ 3G မပြောင်းခင်အချိန်မှာ 2.5G နဲ့ 2.75G ဆိုပြီး Data အသုံးပြုရန်အတွက် စနစ်တစ်ခုအရင်ပြောင်းလဲခဲ့ပါတယ်။ 2G စနစ်ထက် ပိုမိုထိရောက်ကောင်းမွန်ပြီး Data စနစ်ကိုအသုံးပြုနိုင်ပေမယ့် နှေးကွေးစွာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 2.5G နဲ့ 2.75G ကို Wireless Standards တစ်ခုအနေနဲ့ မသတ်မှတ်ခဲ့ကြပဲ မိုဘိုင်းတွေရဲ့ ဈေးကွက်မြှင့်တင်ရေးတစ်ခုအနေနဲ့ အသုံးတော်ခံခဲ့တာ ဖြစ်ပါတယ်။

3G: More Data, Video Calling and Mobile Internet
-------------------------------------------
3G ကွန်ယက်စနစ်ကို ၁၉၉၈ ခုနှစ်မှာ ပိုမိုမြန်ဆန်တဲ့ Data စနစ်နဲ့ စတင်ခဲ့တာဖြစ်ပြီး၊ 3G နဲ့အတူ Video Call တွေ မိုဘိုင်းအင်တာနက်တွေ စတင်အသုံးပြုလာနိုင်ခဲ့ပါတယ်။ Mobile Broadband လို့လည်း 3G နည်းပညာကို ပထမဆုံးနာမည်တပ်ခဲ့ပါတယ်။

2G မှာ လိုပဲ 3G ထွက်ပေါ်ပြီးနောက် ပိုမိုမြန်ဆန်တဲ့ 3.5G and 3.75G ဆိုပြီး 4G ကို မိတ်မဆက်ခင် ထွက်ပေါ်ခဲ့ပါသေးတယ်။
3G ရဲ့ အမြင့်ဆုံး Speed က Non-moving devices မှာဆိုရင် 2Mbps ရှိပြီး Moving Devices မှာဆိုရင် 384 Kbps ရှိပါတယ်။

4G: The Current Standard
---------------------------
စတုတၳမြောက် ကြိုးမဲ့ဆက်သွယ်ရေး မျိုးဆက်ကို ၂၀၀၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ 4G ဟာ ပိုမိုမြန်ဆန်တဲ့ Data စနစ်ကို သယ်ဆောင်လာခဲ့ပြီး မိုဘိုင်းအင်တာနက်၊ Gaming Services, HD mobile TV, Video Conferencing, 3D TV စတာတွေကို လျင်မြန်စွာ အသုံးပြုနိုင်လာပါတယ်။

4G ရဲ့ အမြင့်ဆုံး Speed က Moving Devices မှာဆိုရင် 100 Mbps ရှိပြီး Non Moving Devices မှာဆို 1 Gbps ရှိပါတယ်။
လက်ရှိမှာတော့ Mobile Phone Model အများစုဟာ 3G နဲ့ 4G ကို အထောက်အပံ့ပေးနေပါတယ်။

5G: Coming Soon
------------------
5G ဟာ လက်ရှိမှာ မထွက်ပေါ်သေးပေမယ့် သိပ်မကြာခင်မှာ 4G ကို အဆင့်မြင့်တင်ပေးမယ့် Mobile Network တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ 5G မှာဆိုရင် ပိုမိုမြန်ဆန်တဲ့ Data, ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်မှုတွေနဲ့ အတူအခြားတိုးတက်မှုများစွာ ပါ၀င်လာမှာဖြစ်ပါတယ်။

5G ရဲ့ ဆက်သွယ်မှု အမြန်နှုန်းကတော့ 20 Gbps ရှိမယ့်လို့ ခန့်မှန်းရပါတယ်။

သူငယ်ချင်းတို့ အခြားေ၀မျှစေချင်တဲ့ အကြောင်းအရာလေးတွေရှိရင်လည်း ပြောပြပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။ ✌🏻✌🏻✌🏻

အားလုံးပဲ သာယာချမ်းမြေ့တဲ့နေ့လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ။

#mobilenetwork #sharing #knowledge

Electronic City
(One Stop IT, Mobile & Electronic Shopping Mall)
No.60, Waizayandar Road, South Okkalapa Township, Yangon.
Phone – 09 788 766 799
Credit ကူးယူဖော်ပြသည်



Comments

Popular posts from this blog

အိႏၵိယေယာဂီမ်ား ၏ လ်ွိဳ ဝွက္ က်င့္စဥ္ ႐ွဴ႐ိႈက္နည္းျဖင့္ စိတ္တန္ခိုးေလ့က်င့္နည္း_______________အိန္ဒိယယောဂီများ ၏ လျှို ဝှက် ကျင့်စဉ် ရှူရှိုက်နည်းဖြင့် စိတ်တန်ခိုးလေ့ကျင့်နည်း

Cracker လမ္းၫႊန္ သို႔ Hacking Cracker လမ်းညွှန် Hacking

MI(Xiaomi) ဖုန္းတစ္လုံး စတင္အသုံးျပဳသူမ်ား ၾကဳံေတြ႕ရတတ္ေသာ အဆင္မေျပမႈေလးမ်ားကို ေျဖရွင္းရန္ နည္းလမ္းမ်ားႏွင္​့ MIUI အ​ေၾကာင္​း MI(Xiaomi) ဖုန်းတစ်လုံး စတင်အသုံးပြုသူများ ကြုံတွေ့ရတတ်သော အဆင်မပြေမှုလေးများကို ဖြေရှင်းရန် နည်းလမ်းများနှင်​့ MIUI အ​ကြောင်​း